(+95) 094-0176-4020
 

  .

UEHRD လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာ သူများအတွက် ပြန်လည်နေရာချထားရန် စီစဉ်ဆောင်ရွက်လျက်ရှိ

 

၆.၁.၂၀၁၈၊ ရန်ကုန်

 

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာ ပြည်သူများအတွက် UEHRD ပြည်ထောင်စုစီမံကိန်း၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် ပြန်လည် နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နေအိမ်များဆောက်လုပ်မှု မပြီးပြတ်သေးချိန်၌ ယာယီနေထိုင်နိုင်ရေးအတွက် လေမိုးဒဏ်ခံယာယီအဆောက်အဦများကို အသင့်ပြင်ဆင်ထားရှိရန် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိပါသည်။

 

UEHRD  ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးသို့ သွားရောက်ပြီး ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဝယ်ယူထားရှိသည့် အလျား(၁၉ပေ x ၆လက်မ)၊ အနံ(၁၃ပေ x ၃လက်မ)၊ ခေါင်အမြင့် (၉ပေ x ၇လက်မ)ရှိ လူဦးရေ (၁၀)ဦးဆံ့ မိုးကာတဲများကို ကြည့်ရှုပါသည်။ မိုးကာတဲ များသည် ဘယ်ဂျီယံနိုင်ငံမှ ထုတ်လုပ်ထားဖြင်းဖြစ်ပြီး အရည်အသွေးကောင်းမွန်၍ (၁)လုံးအတွက် သင့်ငွေမှာ ကျပ်(၉)သိန်းကျော်ခန့် ဖြစ်ပါသည်။ ဝန်ကြီးဌာနအနေဖြင့် မိုးကာတဲ စုစုပေါင်း (၁၀၅၂)လုံးကို ဝယ်ယူထားရှိပြီး ရခိုင်ပြည်နယ်သို့ ပို့ဆောင်လျက်ရှိပါသည်။

 

ပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နေအိမ်များကို Cash For Work အစီအစဉ်ဖြင့်တည်ဆောက်ပေးသွားမည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း ယာယီနေထိုင်နိုင်ရေးအတွက် အဆိုပါမိုးကာတဲများကို အသုံးပြုနိုင်ရန် အသင့် ပြင်ဆင်ဆောင်ရွက်ထားရှိခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

 

  

Search

How you can help

We have 18 guests and no members online