(+95) 094-0176-4020
 

  .

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီးမှ လာရောက်တွေ့ဆုံ

 

၁-၂-၂၀၁၈၊ နေပြည်တော်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H. E. Mr. Nicholas Coppel က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

 

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီးက မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသဘောတူညီချက်အရ အကောင်အထည်ဖော်မည့် လုပ်ငန်း များ၏ တိုးတက်မှုဖြစ်စဉ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင် အထည် ဖေါ်ရေးကော်မတီလုပ်ငန်းများ၊ မစ္စတာ ကိုဖီအာနန် အကြံပြုချက်တွင်ပါရှိသည့် လူမှု သဟဇာတဖြစ်မှုဆိုင်ရာဆောင်ရွက်မှုအခြေအနေများ၊ UEHRD၏လုပ်ငန်းဆောင်ရွက် နေမှုများ၊ ပြန်လည်နေရာချထားရေးဆိုင်ရာအစီအစဉ်များ၊ မြန်မာနိုင်ငံသို့ပြန်လည် ဝင်ရောက်လာသူများအနေဖြင့်ပါဝင်လုပ်ကိုင်နိုင်မည့် Cash for Workအစီအစဉ်နှင့် လုံခြုံရေးစီမံဆောင်ရွက်မှုအခြေအနေများ၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရေးစိစစ်ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။

 

ပြည်ထောင်စုဝန်ကြီးက UEHRD၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအကောင် အထည်ဖော်ရေးကော်မတီ၏ ဆောင်ရွက်ချက်များ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်သဘောတူညီ ချက်အရ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များသည် ဆက်စပ်လျက်ရှိပါကြောင်း၊  ၄င်းတို့၏ အသက်မွေးဝမ်းကြောင်းအလုပ်များ လုပ်ကိုင်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး လက်လှမ်းမီရေးတို့အတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ရရှိရန် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီက နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်အရ နိုင်ငံသားဖြစ်မှုကို ဥပဒေနှင့်အညီရရှိရေး၊ နိုင်ငံအတွင်း နေထိုင်ခွင့် အထောက်အထား NVC (National Verification Card) ကိုင်ဆောင်ထားခြင်း ဖြင့် လွတ်လပ်စွာသွားလာခွင့်ကို ဥပဒေအရ ရရှိရေးနှင့် သွားလာခွင့်ကန့်သတ်ချက်များ  လျှော့ချရေးတို့ကို ညှိနှိုင်းဆောင်ရွက်ထားရှိကြောင်း၊ လုံခြုံစိတ်ချရမှုအတွက် ဥပဒေနှင့် အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို UEHRD အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ခြင်း၊ စီးပွားရေးဇုံများ တည်ထောင်ခြင်းတို့ အတွက် စနစ်တကျ စီစဉ်လျက်ရှိကြောင်း၊ ပြန်လည်ဝင်ရောက်မည့်သူများ ကိုယ်တိုင် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်နိုင်ပြီး ၄င်းတို့အတွက် လုပ်အားခ အခ ကြေးငွေထောက်ပံ့ပေးမည့် Cash for Work အစီအစဉ်လည်းရှိကြောင်းဖြင့် ဆွေးနွေးပါသည်။ ထို့နောက် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်မည့်မြန်မာ နိုင်ငံသားများ အား စနစ်တကျလက်ခံနိုင်ရေး၊ ပြန်လည်နေရာချထားရေး၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖေါ်ဆောင်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနအသစ် အား တည်ထောင်ထားပြီး လူကုန်ကူး ခံရသူများ၊ မသန်စွမ်းသူများ၊ မူးယစ်ဆေးစွဲနေသူများနှင့် ပြန်လည်ထူထောင်ရေး လိုအပ်နေသူများအတွက်  ဘက်စုံပြန်လည်ထူထောင်ရေးဌာန ဖွင့်လှစ်သွားမည့် စီမံကိန်း ကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။

 

 

  

Search

How you can help

We have 14 guests and no members online