(+95) 094-0176-4020
 

  .

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးရေးနှင့် (National ID) စနစ်အတွက် (Biometric) နည်းဖြင့် မှတ်တမ်း တင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ။

 

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁  ။

 

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များအနက် ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သည့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းနှင့် နိုင်ငံသား စိစစ်ခံရမည့်သူ၏သက်သေခံကတ်ပြား(NV Card) ထုတ်ပေးရေးလုပ်ငန်းအားယနေ့ဖေဖော်ဝါရီလ (၁)ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများက မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး NV Card လာရောက် ဆောင်ရွက်သူများအား ခြင်ထောင်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

 

ယင်းလုပ်ငန်းစဉ်သည် ယခင်ကတည်းက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးကြန့်ကြာလျက်ရှိပြီး သြဂုတ်လ (၂၅)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း အောက်တိုဘာလ(၁၂)ရက်နေ့မှစ၍  ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ဖေဖော်ဝါရီလ(၁)ရက် အထိ (National ID) စနစ်အတွက် (Biometric) နည်းဖြင့် စိစစ်မှတ်တမ်းတင်ဆောင်ရွက်၍ နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးပြီးသူမှာ အမျိုးသား (၁၁၀၆)ဦး၊ အမျိုးသမီး(၅၉၈)ဦး၊ စုစုပေါင်း(၁၇၀၄)ဦးရှိပြီး၊  (National ID) စနစ်အတွက် (Biometric) နည်းဖြင့် သီးသန့်မှတ်တမ်းတင်ပြီးသူ အမျိုးသား (၂၅)ဦး၊ အမျိုးသမီး(၂၁) ဦး၊ စုစုပေါင်း(၄၆)ဦး ဆောင်ရွက်ပြီးဖြစ်ပါသည်။

 

ယခုအခါ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် (National Verification Process) အား အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး မောင်တော မြို့နယ်ရှိ  ဒေသခံရွာသူရွာသားများအား (NV Card) ထုတ်ပေးခြင်းနှင့် (National ID) စနစ် အတွက် (Biometric) နည်းဖြင့် မှတ်တမ်းတင်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

 

 

 

  

Search

How you can help

We have 15 guests and no members online