(+95) 094-0176-4020
 

  .

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကနေဒါနိုင်ငံ၊ အွန်တေရေယိုပြည်နယ်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Hon. Robert Rae နှင့် ဂျပန်သံအမတ်ကြီးတို့က သီးခြားစီလာရောက်တွေ့ဆုံ

 

၇.၂.၂၀၁၈၊ နေပြည်တော်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ကနေဒါနိုင်ငံ၊ အွန်တေရေယိုပြည်နယ်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Hon. Robert Rae နှင့်  ဂျပန်နိုင်ငံသံအမတ်ကြီး H.E Mr. Tateshi HIGUCHI တို့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌လာရောက်တွေ့ဆုံပါသည်။

 

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၏လက်ရှိအခြေအနေ၊ ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်မှု၊ ရေရှည်ပဋိပက္ခကင်းဝေးရေးအတွက် ဆောင်ရွက်မှုများတွင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို UEHRD စီမံကိန်းဖြင့် အကောင်အထည်ဖော်နေမှုများ၊ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်များကို ဥပဒေနှင့်အညီခံစားရရှိစေရန် အကောင်အထည်ဖော်မှုများ၊ ပြည်သူများ လုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ၂၀၁၂ခုနှစ်ကတည်းက တည်ရှိခဲ့သော IDP စခန်းများ ပိတ်သိမ်းရေးကြိုးပမ်းနေမှုများကို ဆွေးနွေးခဲ့ကြပြီး ကနေဒါနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အစိုးရအား ကောင်းမွန်သောအကြံဉာဏ်များနှင့်အထောက်အပံ့များ ပေးအပ်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

၆-၂-၂၀၁၈ ရက်နေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဂျပန်သတင်းမီဒီယာများ မောင်တောဒေသသို့ရောက်ရှိခဲ့ပြီး လက်တွေ့မြင်တွေ့ရမှု များ၊ သတင်းမီဒီယာများကတဆင့် မြင်တွေ့ကြားသိရသည်များကို ဖြန့်ဝေနိုင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင် ဂျပန်အစိုးရက အကောင်အထည်ဖော်မည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီပေးရေးစီမံကိန်း (The Project for Responding to the Humanitarian Situation in Rakhine) နှင့် ရခိုင်ပြည်နယ်အတွင်း အားလုံးအကျုံးဝင်သော ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများစွမ်းပကားမြင့်မားရေးစီမံကိန်း (The Project for Inclusive Development and Empowerment of Women in Rakhine State ) တို့သည် UEHRD ၏ ရည်ရွယ်ချက်များနှင့်ကိုက်ညီပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်း များမှတဆင့် အဆိုပါစီမံကိန်း (၂)ခုအား အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊နေရပ် စွန့်ခွာသူများပြန်လည် လက်ခံရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများအား အထောက်အကူဖြစ်ရန် ဂျပန်နိုင်ငံ အနေဖြင့် အမေရိကန်ဒေါ်လာ(၃)သန်းအား နိုင်ငံတော်အစိုးရသို့ UEHRD မှ တဆင့် ထောက်ပံ့လှူဒါန်းပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာ၏စွပ်စွဲပြောကြားချက်များအပေါ် ထိရောက်သော မီဒီယာများဖြင့် တုံ့ပြန်စေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး AAR Japan အဖွဲ့နှင့် MOU ရေးထိုးနိုင်ရန် ဆွေးနွေးခဲ့ပါသည်။

 

၇-၂-၂၀၁၈ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)သို့ Global World Insurance ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ (၂၆၁၅၀)တန်ဖိုးရှိ Device and Mobile များအား လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

  

Search

How you can help

We have 8 guests and no members online